Friday, July 6, 2012

မျိုးချစ်ဇာနည်

နတ်သုဒ္ဓါတမျှ ၊ ချို ဆိမ့်လှသည် ဗန္ဓရသရက် ၊ နွယ်ခါးယှက်၍ အသက်ဆုံးရှုံး ၊ မျိုးတုံးခဲ့ရ ရှေးသာဓက ၊ ရှိခဲ့ကြ၏ ။ ဒို့အမျိုးဘာသာ ၊ သာသနာသည် ကမ္ဘာ့ အလယ် ၊ ဂုဏ်ယူဖွယ်တိ ချီးမွမ်းသည့်အသံ ၊ မိုးထိည့မျှ သင်းပြန့်လှ၏ ။ ဒို့အမျိုးဘာသာ ၊ ဓွန့်ရှည်ကြာရေး နောင်လာရင်သွေး ၊ သင် ဘာလေးမွေးမလဲ ဒေါ်လာမယား ၊ ဖော်ပြုထားပြီး တိုက်ကားကြီးပေါ် ၊ မြူးရွှင်ပျော်ကာ အနှစ်မပါ ၊ အချစ်ညာတဲ့ နွယ်ခါးယစ်ခွေ ၊ မျိုးဖျက်တွေကို သမီး ဘယ်လိုစဉ်းစားမလဲ ။ တောလှဲသံကြီး ၊ မြည်ဟည်းပြီးလျှင် မြေကြီးကွဲအက် ၊ ငလျှင်စနက်ကြောင့် ရာထောင်မက ၊ သေခဲ့ကြလည်း အမျိုးမပြုတ် ၊ အငုတ်အရင်း မျိုးဆက်ဆင်းကာ ၊ အမျိုးဘာသာ သာသနာကြီး ၊ ဆက်လက်ပြီးလျှင် ရှင်သန်ဝံကြွား ၊ မျိုးဆက်များမှ ထိန်းထားနိုင်၏ ။ သို့ပေသည့်လည်း မြေမျိုသော်လည်း အမျိုးမပြုတ် လူမျိုသော် အငုတ်မကျန် အမျိုးပြုတ်ရန် အရေးမို့ သမီးတို့ရေ ၀တ်ချင်တဲ့ဆန္ဒ ၊ လှချင်တဲ့မာနနဲ့ အချောင်ရတယ်ဆိုပြီး ၊ ဘ၀ကြီးတစ်ခုလုံးပုံအပ် မိုက်ဇာက်တော့ မခင်းလိုက်ကြပါနဲ့ ။ ထမင်းငတ်ပြီး သေတဲ့မသာ တို့မြန်မာပြည်မှာ မရှိပါဘူး အလှယစ်မူး ချစ်ရည်လူးပြီး ရာဂကြူးတဲ့ ဘီလူးလက်အောက် အမျိုးပျောက်အောင် ဘယ်သောအခါမှ မကြံကြနဲ့ ။ ငွေကြေးဥစ္စာ ၊ ဆင်းရဲပါလည်း မမွဲစိတ်ဓာက် ၊ အကျင့်မြတ်ကြောင်း ကမ္ဘာအပေါင်းမှ ၊ ချီးကျူးရအောင် လူမျိုးချင်းယှက် ၊ အမျိုးဂုဏ်ဆောင်ရင်း မျိုးဆင်းသက်မှ ဆက်လက်ခိုင်မာ ၊ ဒို့သာသနာကြီး ဘုန်းနေလမီး ထိန်ထိန်ညီးစွာ ဓွန့်ရှည်ကြာတည်တံ့မှာမို့ သမီးတို့ရေ ... ဗုဒ္ဓဘာသာ မျိုးဆက်သစ်လေးများ မွေးဖွားပေးနိုင်ကြပါစေ ...... စောထွန်း ( G. T. I နှစ်တစ်ရာပြည့်မဂ္ဂင်းမှ )

No comments:

Post a Comment