ဓမ္မစေတီခေါင်းလောင်းကြီး
ခေါင်လောင်းတော်ဘွဲ့- အဝိန္ဒဆောက်
ခေါင်းလောင်းတော် အလေးချိန်- ၁၈၀၀၀၀ ပိဿာ(တန်ချိန် ၂၉၀) အတိုင်းအတာ -
အဝ(၈)တောင်၊ xxx(၁၂) တောင် သွန်းလုပ်သည့်နေ့- သက္ကရာဇ် (၈၃၇)ခုနှစ်၊
တပေါင်းလဆန်း(၈)ရက်၊ ကြာသတေးနေ့ ရွှေတီဂုံစေတီတော်သို့တင်လှူသည့်နေ့ -သက္ကရာဇ်
(၈၃၈) ခုနှစ်၊သီတင်းကျွတ်လပြည့်နေ့ ဒေါပုံမြစ်လည်တွင်
နစ်မြုပ်သွားသည့်နှစ် -သက္ကရာဇ် (၉၇၄)ခုနှစ် ကျော်ကြားမှု-
ပျောက်ဆုံးနစ်မြှုပ်နေမှု
ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းကြီး
ဓမ္မစေတီခေါင်းလောင်းကြီးသည်
ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ် သတ်မှတ်ထားသောခေါင်းလောင်းကို
စိန်ခေါ်သည့် ခေါင်းလောင်းတစ်ခု ဖြစ်သည်။
ယင်းကားမွန်ဘာသာအားဖြင့်'အပိန္နသော်' သို့မဟုတ် 'ဓမ္မစေတီ' ခေါင်းလောင်းပင်
ဖြစ်သည်။ခေါင်းလောင်းဘွဲ့အမည်မှာ မြန်မာဘာသာအားဖြင့် 'အဝိန္ဒဆောက်'ဟု
ခေါ်ပါသည်။ဓမ္မစေတီ ခေါင်းလောင်းသည် ဇာကိုလိုကောခေါင်းလောင်းထက်
မင်းကွန်းခေါင်းလောင်းတော်ကြီး တစ်ခုစာ ပို၍ ကြီးမားနေသည်ကို အံ့သြဖွယ်ရာ
တွေ့ရှိရသည်။ ဓမ္မစေတီခေါင်းလောင်းကို ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းအဖြစ်
သတ်မှတ်ရမည် ဖြစ်ပေသည်။ထို့အပြင် ဇာကိုလိုကောခေါင်းလောင်းသည်(၁၈)
ရာစုတွင်သွန်းလုပ်သောခေါင်းလောင်းဖြစ်ပြီး ဓမ္မစေတီခေါင်းလောင်းမှာအေဒီ ၁၅
ရာစုက သွန်းလုပ်ခဲ့သောခေါင်းလောင်းဖြစ်သဖြင့် နှစ်(၃ဝဝ) ပို၍ စောနေသည်ကို
တွေ့ရှိရသည်။ ထို့ကြောင့် ဓမ္မစေတီ ခေါင်းလောင်းသည်
ကမ္ဘာ့အကြီးဆုံးခေါင်းလောင်း ဖြစ်သင့်ပေသည်။
ခေါင်းလောင်းတော်ကြီးကိုဆယ်ယူရရှိမည်ဆို
ပါက မွန်အမျိုးသားတို့၏ယဉ်ကျေးမူအမွေအနှစ် ခေါင်းလောင်းကြီးနှင့်ပက်သက်သည့
အသေးစိတ်အချက်အလက်တို့ကု ပြည်သူများသို့ အသေအချာတင်ပြနိုင်မည်
ဖြစ်ပါသည်။၎င်းအပြင် တရုပ်တို့၏ ကြေးသွန်အတတ်ပညာထက်နှစ်ပေါင်း(၁၅၀၀
)ခန့်စောသည့် မွန်တို့၏ ယိုးဒယားနိုင်ငံ ဘန်းချိုင်းဒေသ ကြေးသွန်အတတ်ပညာ
အတွက်ကြီးမားသော သက်သေ အထောက်အထားတစ်ခု ဖြစ်လာ မည်။
လှူဒါန်းခြင်း
မြန်မာ့သမိုင်းတွင်မွန်တို့၏မဂဒူးမင်းဆက်တွင်
၁၆ ဆက်မြောက် မွန်ဘုရင်ဓမ္မစေတီမင်း သည် ဟံသာဝတီ (ယခုပဲခူး) မှ
အုပ်စိုးပြီး ၁၄၈၀ ခုတွင်လူဦးရေ စစ်တမ်းကောက်ယူခဲ့သည်။
ဓမ္မစေတီမင်းကြီးသည်ဥပိုက်၊ သမန္တရာဇ်၊ ဘုရင်ရာဇာ၊စွန္တရာဇာအမတ်လေးဦးကို
အိမ်ဦးရေစာရင်းကောက်ယူရန် တာဝန် ပေးခဲ့သည်။အမတ်များက အိမ်စာရင်းသာမက
အိမ်တိုင်းမှ ကြေးကိုပါကောက်ခံခဲ့ရာကြေးစင် တစ်သန်းနှင့်
ရှစ်သိန်းရရှိခဲ့သည်။မင်းကြီးက ကြေးပါ ကောက်ယူခဲ့သောအမတ်လေးဦးအား
အပြစ်ဒဏ်ပေး၏။ကြေးများကို ကာယကံရှင်များအားပြန်ပေးစေသည်။ ပိုင်ရှင်များက
ပြန်မယူပဲ မင်းကြီး သင့်တော်သလိုသာအသုံးပြုရန်လျှောက်ထားလေသည်။ထို့ကြောင့်
ဓမ္မစေတီမင်းကြီးသည် ဤကြေးများဖြင့်အမတ်ကြီး ဗညားအိမ်ကို အကြီးအမှူး
ခန့်တော်မူသည်။ အမတ်ကြီးသည်လည်း ဇေယဗာဟု၊ ပဲခူးသဥတ္တရာ၊ နန္ဒစည်သူကျော်၊
သံဃရာဇာ စသည့် ဆရာတို့ အခါပေးသည့် အတိုင်း တပေါင်းလဆန်း(၈)ရက်၊ ကြာသပတေးနေ့
သိဟ်လဂ်တွင် ပွဲကြီးသဘင်ကြီးစွာပြု၍ ခေါင်းလောင်းကြီးကို သွန်းလုပ်စေသည်။
အမတ်ကြီးသည်လည်း
ဆရာတို့ အခါပေးသည့်အတိုင်းတပေါင်းလဆန်း(၈)ရက်၊ ကြာသာပတေးနေ့ သိဟ်လဂ်တွင်
ပွဲကြီးသဘင်ပြု၍ ခေါင်းလောင်းကြီးကို ပြုလုပ်တော်မူသည်။သို့သော်
ခေါင်းလောင်းကြီးမှာထူးထူးခြားခြားအသံမမြည်ပဲရှိခဲ့သည်။ (သမိုင်းအရ
ထိုခေါင်းလောင်းကြီးကို နက္ခတ္တဗေဒသဘောအရ မကောင်းသော ၁၄၈၄-ခု၊ ဖေဖော်ဝါရီလ
(၅)ရက်နေ့တွင် စတင်သွန်းခဲ့ပြီးအသံမမည်ဟု ဆိုသည်။)
ခေါင်းလောင်းသွန်းလုပ်စဉ်`လောကဥာဏ´ အမည်ရှိဗေဒင်ဆရာတစ်ဦးက
ခေါင်းလောင်းသွန်းလုပ်ပြီးလျှင် အပြစ်အနာအဆာမရှိ ချောမောလိမ့်မည်။
သို့သော်အသံကာ မြည်မည်မဟုတ်ဟု မင်းကြီးအားလျှောက်၏။မင်းကြီးက
အကြောင်းစုံမေးမြန်းရာခေါင်းလောင်းပြုလုပ်ရန် ဆရာတို့ပေးသောအခါသည်
နက္ခတ်ခြောက်လုံး ဖြစ်သည်။ခြောက်လုံးမှာမိကျောင်းနက္ခတ် ဖြစ်သဖြင့်
မိကျောင်းမှာလျှာမရှိ၍ အသံမမြည်နိုင်ချေ။ မင်းကြီးလည်း ခေါင်းလောင်းကို
မွန်ဘာသာဖြင့်အပိန္နသော်ဟု ဘွဲ့အမည်ပေးပြီး ကောဇာသက္ကရာဇ်(၈၃၈)ခုနှစ်၊
သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံရင်ပြင် တွင်
ချိတ်ဆွဲလှူဒါန်းရေစက်ချတော်မူသည်။ ခေါင်းလောင်းကြီးကို မြန်မာဘာသာဖြင့်
“အဝိန္ဒဆောက်’’ဟု အမည်ရ သည်။(ရွှေတိဂုံ စေတီတော် တည်ရှိရာကုန်းတော်ပေါ်တွင
ပထမဦးဆုံးလှူဒါန်းသောခေါင်းလောင်းမှာ ဓမ္မစေတီခေါင်းလောင်းကြီးပင် ဖြစ်သည်။
ယခုအခါရွှေတိဂုံကုန်းတော်ပေါ်ရှိ ခေါင်းလောင်းစုစုပေါင်း(၂၉)လုံးရှိသည်။
သုတေသန=မေယာအမ်တီ)
ရှေးခေတ်စာမှတ်တမ်းများအရ ၄င်း
ခေါင်းလောင်းကြီးတွင် ကြေးနီ အပြင် ရွှေ၊ငွေ တို့လည်းပါသည်ဟုဆိုသည်။
ခေါင်းလောင်းထဲတွင် မြ နှင့်နီလာ ရတနာတို့လည်းမြှုပ်ထားသည်ဟုဆိုသည်။
ဓမ္မစေတီမင်းဥစ္စာကြွယ်ဝ ပုံအရ ၄င်းမှာဖြစ်နိုင်သည်။ခေါင်းလောင်းကြီးသည်
၁၂-တောင် မြင့်ပြီး၈-တောင် ကျယ်သည်။တစ်ပြိုင်တည်းမှာပင်
၅၀၀ပိဿာရှိခေါင်းလောင်းအသေးလည်း သွန်းလောင်းလှူတန်းခဲ့သည်ဟုအဆိုရှိသည်။
နိုင်ငံခြားသားများရောက်ရှိခြင်း
နောင်နှစ်တစ်ရာ
ကြာပြီးနောက် ၁၅၈၂ ခုတွင် အီတလီကျောက်ကုန်သည်`ဂစပါရို ဘယ်ဘီ
´သည်ရွှေတိဂုံဘုရား သို့ရောက်ရှိခဲ့ပြီး ရွှေတိဂုံဘုရားကိုအသေးစိတ်
မှတ်တမ်းတင်ခဲ့သည်။ သူရေးခဲ့သည်မှာ"ကျွန်ုပ် တွေ့ခဲ့ရသည်မှာအလွန်ခမ်းနားသော
ခန်းမကြီးထဲတွင် အလွန့်အလွန်ကြီးမားသော
ခေါင်းလောင်းကြီးရှိပြီးအတိုင်းအတာအားဖြင့် ခြောက်လှမ်းနှင့်
သုံးဖန်ရှိပြီး အထက်မှ အောက်သို့ စာလုံးတစ်ခုနှင့်တစ်ခုပူးကပ်
နေသောစာများအပြည့်ရေးထားပြီး ဖတ်ရမည်ပုံ မပေါ်ပေ။"
၁၅၃၀-ခုတွင်
မွန်ဘုရင်များ၏အာဏာစက် ကျဆင်းလာပြီး ၁၅၃၅-ခုတွင် အောက်ပြည်သည်
အထက်ပြည်နှင့် ခြားနားသွားသည်။တစ်ချိန်တည်းမှာ ဥရောပကုန်သည်နှင့်
စွန့်စားရှာဖွေသူများ အောက်မြန်မာပြည် သို့ ရောက်လာကြသည်။
၁၅၉၀-ခုနှစ်များတွင် ပေါ်တူဂီလူမျိုး
စွန့်စားရှာဖွေသူ`ဖီလစ်ဒီဘရုတ်တိုရနီကုတ် ´အား စီရမ်(သန်လျင်)တွင်
ရခိုင်ဘုရင်က ကုန်သွယ်ရုံးဖွင့်ခွင့် ပေးလိုက်သည်။ ၁၆၀၀-ခုတွင်သူ၏သြဇာမှာ
မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင်အပါအဝင် ဒဂုံအထိ ရောက်သည်။
ယူဆောင်ခြင်း
ခရစ်သက္ကရာဇ်၁၆၀၈-ခုနှစ်တွင်ပေါ်တူဂီလူမျိုး
ဖိလစ်ဒိုဘရစ်တိုသည်ဓမ္မစေတီခေါင်းလောင်းကြီးကို အရည်ကြို၍
အမြောက်သွန်းလုပ်ရန် တောင်ပေါ်မှလှိမ့်ချ၍ မြစ်ကမ်းနားထိ
ဆင်များဖြင့်ဆွဲကာပုဇွန်တောင် ရေလက်ကြားတွင် ဖေါင်ပေါ်သို့ တင်ခဲ့သည်။
ဖောင်ဖြင့်သန်လျင်သို့ သယ်ဆောင်ခဲ့သည်။ သို့သော် ပဲခူးမြစ်၊
ရန်ကုန်မြစ်နှင့်ငမိုးရိပ်ချောင်း သုံးသွယ်ဆုံဆည်းရာဒေါပုံမြစ် နေရာတွင်
ဖောင်ပျက်ပြီးခေါင်းလောင်းကြီးမှာ ရေအောက်သို့
ကျသွားခဲ့သည်။ဖိလစ်ဒိုဘရစ်တို လည်းရေအောက်သို့ပါသွားခဲ့သည်။
ပေါ်တူဂီတို့လည်း၎င်းကိုခိုးယူခြင်းကြောင့် အထိနာသည်။ပေါ်တူဂီ ဂတ်ရုံးအား
ဒေါသထွက်သောဗမာများက တိုက်ခိုက်ခဲ့ပြီး မှတ်တမ်းများအရ
ပေါ်တူဂီခေါင်းဆောင်မှာ ဝါးရင်းတုတ်ဖြင့်တစ်ချက်ခြင်း ရိုက်၍
တဖြေးဖြေးခြင်းသေစေသည် ဟုဆိုသည်။ ဒေါပုံမြစ်အကူးတွင် ဖောင်နစ်ပြီး
ခေါင်းလောင်းကြီးရေထဲနစ်မြှုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်သည်။
ဓမ္မစေတီခေါင်းလောင်းရေအောက်နစ်မြှုပ်နေသည်မှာနှစ်ပေါင်း (၄၀၀)
နီးပါးရှိချေပြီ။
(ဖီလစ် ဒီဘရေဒိုမှာရခိုင်ဘုရင့်တပ်မတော်၏
ကြေးစားစစ်ဗိုလ်တစ်ဦးဖြစ်ပီး ရခိုင်ဘုရင် ထံမှာ့
သန်လျှင်မြို့ကိုစားခွင့်လျှောက်ထား ရယူသူဖြစ်သည်။ သူအင်အားကြီးမားလာသော
အခါ ရခိုင်ဘုရင်ကိုပြန်လည်ပုန်ကန်လေသည်။ ထိုအခါ
ရခိုင်အိမ်ရှေ့မင်းမင်းခမောင်းကိုယ်တိုင်ဦးစီးသော
ရခိုင်ဘုရင့်ရေတပ်မတော်မှာ့ သန်လျှင်ကိုလာရောက်တိုက်ခိုက်လေသည်။
ဖီလစ်ဒီဘရေတိုလည်းသင်္ဘောသုံးစီးဖြင့်ထွက်ပြေးလေသည် ထွက်ပြေးရာလမ်းတွင်
ရခိုင်ဘုရင့်ရေတပ်မတော်ကြီးနှင့ ထိပ်တိုက်တိုးလေသည်။ရခိုင်ရေတပ်မတော
်ကြီးသည်လည်းသန်လျှင်ကို မရောက်သေးသောကြောင့်ပေါ့ပေါ့လျှော့ေ လျှာ့နှင့်
ချီတက်လာသည့်အပြင် တပ်ဦးတွင် ရခိုင်အိမ်ရှေ့မင်းမင်းခမောင်းကိုယ်တိုင်ချီတက
်လာရာရခိုင်မင်းသားသည်ပေါ်တူဂီ တို့၏ဖမ်းစီးခြင်းကိုခံရလေသည်။
ဖီလစ်ဒီဘရေတိုက မိမိကိုယ့် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်ပါက
အိမ်ရှေ့မင်းကို ပြန်လည်လွတ်ပေးမည်ဟု အရေးဆိုသော် ကြောင့် ရခိုင်ဘုရင်
သည်လည်း မိမိသားတော်အသက်မသေရေးအတွက် ပြည်ထောင်ဘက်မင်းအဖြစ်သတ်မှတ်လိ
ုက်ရသည်။ ထိုနောက်တွင်ကား ဖီလစ်ဒီဘရေတိုသည်သန်လျှင်တွင်
ထင်တိုင်းကျဲလေတော့သည်။ နောင်တွင် အနောက်ဖက်လွန်မင်းက ကြီးမားသော
တပ်မတော်ကြီးနှင့်သန်လျှင်ကို လာရောက်တိုက်ခိုင်လေသည်။
ဖီလစ်ဒီဘရေတိုသည်၊တောင်ငူဘုရင် နတ်သျှင်နောင်နှင့်အတူအဖမ်းခံရပီး
အနောက်ဖက်လွန်မင်းက တရားရုံးတင် စစ်ဆေးပီး သန်လျှင်မြို့ သူ့၏
အိမ်ရှေ့တွင်ပင် တံကြင်လျှိုသတ်ခံခဲ့ရသည်။သန်လျှင်တွင် ယခုတိုင်ဖီလစ်
ဒီဘရေဒို၏အုတ်ဂူရှိသေးသည် ။( တချို့သောအကြောင်းအရာများ
မှားကောင်းမှားနိုင်သည် သို့သော် သေချာသည် များကား
ဖီလစ်ဒီဘရေဒိုသည်ခေါင်းလောင်းကြီးနှင့်အတူနစ်မြုပ်သွားခြင်းမဟုတ်ပေ))
ဆယ်ယူရန် ကြိုးပမ်းမှုများ
ရန်ကုန်ရှိသမိုင်းအထောက်အထားများအရ
၁၈၀၀-ခုနှစ်တွင်ခေါင်းလောင်းကြီးကျရာနေရာတွင် ဝဲကတော့ထိုးသည်ဟု
ပါသည်မှတပါးဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူမှု မရှိချေ။ယခုခေတ်
လူကြီးများပင် ၄င်းဝဲကတော့ကို မျက်မြင်ကိုယ်တွေ့ရှိသည်ဟု
ဆိုကြသည်။မြစ်မှာမနက်ပေ။ပေ-၄၀ သာရှိပြီး ရေအောက်ရွှံညွှန်များမှာ နောက်ထပ်
ပေ-၄၀ လောက် ရှိမည်ဖြစ်ပြီး၎င်းရွှံညွှန်များထဲတွင် ခေါင်းလောင်း ရှိပေမည်။
ဘိုးတော်ဘုရားခေါင်းလောင်း
(ခေါ်) ခေါင်းလောင်းအသေးသည်လည်း ဗြိတိသျှ သိုက်သမား (British Prize Agent)
များက ၁၈၂၆-ခုတွင် ရွှေတိဂုံစေတီတော်မှချကာ မြစ်ထဲကျခဲ့ပြန်သည်။သို့သော်
ဗြိတိသျှတို့ စွန့်လွှက်ခဲ့သော်၎င်းခေါင်းလောင်းအား ရွာသားများက
ဆယ်ယူခဲ့ပြီး စေတီတော်ထက် သို့ပြန်ပို့ခဲ့သည်။
ဗြိတိသျှ တို့ ကြိုးပမ်းမှု
ဗြိတိသျှတို့
ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူရန် အကြိမ်ကြိမ် ကြိုးစားသော်လည်
းမအောင်မြင်ခဲ့ပေ။မြန်မာတို့က ခေါင်းလောင်းကြီးအား မူလတည်ရှိရာ
ရွှေတိဂုံစေတီတော်သို့ပြန်ပို့လျှင် ကူညီမည်ဟု
ဆိုသဖြင့်ဗြိတိသျှတို့လည်းမစဉ်းစားပဲ ခေါင်းညှိပ်ခဲ့သည်။ မြန်မာတို့တွင်
ဉာဏ်နီဉာဏ်နက်ရှိသည်။ရေငုတ်သမားများက ခေါင်းလောင်း၏ အောက်တွင်
ဝါးလုံးခေါင်းများ တစ်လုံးခြင်းသယ်ယူထဲ့ပြီး စုပေါင်းတွဲချည်ကာ
ရေပေါ်ပေါ်စေမည်။ ၄င်းကြိုးစားချက်သည် ထိုအချိန်က မြန်မာတို့အမျိုးသားရေး
ရစေခဲ့သည်။
မြန်မာအစိုးရ ကြိုးပမ်းမှု
ဓမ္မစေတီခေါင်းလောင်းကြီးကို ရှာဖွေရန် စတင်လှုံ့ဆော်သူမှာသမိုင်းပညာရှင်ဒေါက်တာ ဒေါ်ရီရီ ဖြစ်ပါသည်။
မြန်မာအစိုးရသည်
အင်္ဂလိပ် ရေငုတ်၊ ဇီဝ၊ ရှေးဟောင်းနှင့် စွမ်းအင် ပညာရှင် မိုက်ဟက်ခြာ (Mike
Hatcher)အား ခေါင်းလောင်းကြီးအား ဖော်ယူ၍ စေတီတော်သို့ပြန်လည်ပို့ဆောင်ရန်
အကူအညီ ရယူခဲ့ပါသည်။ ဂျပန်၊ သြစတြေးလျနှင့် အမေရိကန် တို့ပါဝင်သော
၎င်းလုပ်ငန်းကိုဟက်ခြာက သဘောတူခဲ့ပါသည်။ဗုဒ္ဓသာသနာ ထွန်းကားရေး
အကျိုးဆောင်ရစ်ချတ်ဂရီက အားတက်သရောပါဝင်၍ ရံပုံငွေရှာခဲ့သည်။
၎င်းလုပ်ငန်းကိုအပြည်ပြည်ဆိုင်ရာအဆင့်ထိ
စိတ်ဝင်စားစေသည်မှာသံသယရှိစရာမလိုပါ။ ဂျာမန်ရုပ်ရှင်ကုမ္ပဏီတစ်ခုကလည်း
၎င်းစွင့်စားခန်းကို ရုပ်ရှင်ရိုက်ကူးမည်ဖြစ်ပြီး
"ဒီတူးဖေါ်ရေးသာအောင်မြင်ခဲ့လျှင် ဗုဒ္ဓဘာသာနဲ့ပတ်သက်၍ ဒါဟာခရစ်ယာန်မှာ
လိုတရခွက် (Holy Grail) ရသလိုပါပဲ"ဟု ဆိုခဲ့သည်။
ဘာသာရေး
ကိုင်းရှိုင်းသောမြန်မာတို့ကမူ ဗုဒ္ဓ၏ မြင့်မြတ်သော် အမွေကို ပြန်လည်ထိန်းသိမ
်းခြင်းဖြင့် မြန်မာနိုင်ငံ၏ ကံပြန်လည်ကောင်းမွန်
လာလိမ့်မည်ဟုယုံကြည်ကြသည်။ဓမ္မစေတီ ခေါင်းလောင်းကြီးအား ဆယ်ယူခြင်းသည်
မြင့်မြတ်သောမင်းနှင့် သူ၏ပြည်သူပြည်သားများ၏ ဆုံးရှုံးနေသောအမွေကို
ပြန်လည်ရရှိကြမှာသေချာပါသည်။ထို့ပြင်
၎င်းခေါင်းလောင်းကြီးတွင်ရေးထိုးထားသော ခေါင်းလောင်းစာများက သမိုင်းနှင့်
ဘာသာစကားပညာရှင် တို့အတွက် အဖိုးမဖြတ်နိုင်သောအထောက်အထားပင် ဖြစ်ပေမည်။
၁၉၉၇-ခုနှစ်၊
စက်တင်ဘာ (၂၉)ရက်နေ့တွင် ဓမ္မစေတီမင်းခေါင်းလောင်းတော
ရှာဖွေဆယ်ယူရေးလုပ်ငန်းညှိနှိုင်းအစည်းအ ဝေးပွဲကိုရန်ကုန်မြို့၊
မြို့တော်ခန်းမရ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အစည်းအဝေးခန်းမ(၄)၌
ကျင်းပခဲ့သည်။[2]
၎င်းလုပ်ငန်းကိုကန့်ကွက်သူ မရှိဘူးတော့
မဟုတ်ချေ။အချို့သောဒီမိုကရေစီလိုလားသူများက ၄င်းဆယ်ယူမှုသည်မြန်မာနိုင်ငံ၏
စစ်အစိုးရအား အားပေးအားမြှောက်ပြုရာ ရောက်သည်ဟုဆိုသည်။ ယခုခေတ်ကိုကျော်
ပြီးနောင် ဒီမိုကရေစီအစိုးရ ဖြစ်မှ ထိုလုပ်ငန်းကို စသင့်သည်ဟုဆိုသည်။
မိုက်ဟက်ခြာနှင့်၎င်း၏အဖွဲ့များက
ဓမ္မစေတီခေါင်းလောင်းကြီးအား ဆယ်ယူခြင်း လုပ်ငန်းကို ၂၀၀၁-ခုနှစ်တွင်
စရန်ရည်ရွယ်ခဲ့ပြီး ခေါင်းလောင်းကြီး၏ နေရာကို အတိအကျ စရှာရန်
သတ်မှတ်ခဲ့သည်။ ဘီဘီစီ၏ သတင်းကြေငြာချက်ကြောင့် လူအများ
၎င်းဆယ်ယူခြင်းလုပ်ငန်းကိုစိတ်ဝင်စားခဲ့သောလည်း
မဖြစ်မြောက်ခဲ့ပေ။ထင်ဆချက်အရ ၂၀၀၀-ခုနှစ်၊ ဇွန်လတွင်၎င်းအဖွဲ့သည်
အင်ဒိုနီးရှားဆယ်ယူရေးပြဿနာကြောင့် ကြံ့ကြာခဲ့ခြင်းဖြစ်ဟန်တူသည်။
ထိုဆယ်ယူခြင်းလုပ်ငန်းသာစခဲ့လျှင်
ရေငုတ်သမားများသည် ညကြည့်မှန် တက်ထားသောခေါင်းစွက်များဖြင့် အတူ copper
sulphate ရှာဖွေရေး ကိရိယာများဖြင့် ခေါင်းလောင်းကို ရှာမည်ဖြစ်သည်။
ဦးစံလင်း၏ ကြိုးပမ်းမှု
ဓမ္မစေတီခေါင်းလောင်းကြီးအား
စေတနာရှင် ဦးစံလင်းကမြန်မာ့နည်း၊မြန်မာ့ဟန်ဖြင့်
ပြန်လည်ဆယ်ယူကာခေါင်းလောင်းကြီး၏ မူလနေရာရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့
အမြန်ဆုံးပြန်လည်တင်လှူနိုင်ရန် သက်ဆိုင်ရာသို့ခွင့်ပြုချက်
တောင်းခံလျှက်ရှိသည်။ဦးစံလင်းသည် ၄င်း၏ ကိုယ်ပိုင်ငွေဖြင့်
၁၉၉၇-ခုနှစ်တွင်တစ်ကြိမ်၊၁၉၉၈-ခုနှစ်တွင် နှစ်ကြိမ်၊
၁၉၉၉-ခုနှစ်တွင်တစ်ကြိမ်၊စုစုပေါင်း လေးကြိမ်တိတိဆယ်ယူရေးအတွက်
ဆောင်ရွက်ခဲ့ဖူးသည်။ဦးစံလင်းသည် ရေငုတ်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး
ခေါင်းလောင်းကြီးရှိသည့်နေရာကို ကိုယ်တိုင်ရေငုတ်၍ရှာဖွေခဲ့ဖူးသူ
တပ်မတော်(ရေ) အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သည်။
ဦးစံလင်း၏ အဆိုအရ
ခေါင်းလောင်းကြီးသည် ပုဇွန်တောင်ချောင်းဝရှိရေအောက်မြေအောက် (၅၂)ပေတွင်
နစ်မြုပ်လျှက်ရှိနေပြီး ခေါင်းလောင်းကြီးနှင့် အတူ
*ပေါ်တူဂီ
သင်္ဘောပျက် နှစ်စီး၊ *အခြားခေါင်းလောင်းတစ်လုံး၊ *ဥာဏ်တော် ခုနှစ်တောင်စီရှ
ရွှေသားအစစ်ရပ်တော်မူဗုဒရုပ်ပွားတော် နှစ်ဆူ *ကျောက်သံ
ပတ္တမြားများပါသည့်သေတ္တာ (၁၁)လုံးယနေ့ထက်တိုင်ရှိနေသည်ဟုဆို၏။
ဦးစံလင်း၏ သဘောထား
မြန်မာ့နည်း၊မြန်မာ့ဟန်၊မြန်မာ့အဆင့်မြင
နည်းပညာဖြင့်ပြန်လည်ဆယ်ယူကာ ရွှေတိဂုံကုန်းတော်မြတ်ပေါ်သို့အမြန်ဆုံး
ပြန်လည်တင်လှူနိုင်ရန်၊တိုင်းပြည်နှင့် လူမျိုးဘာသာ၊ သာသနာအတွက် စေတနာ
အရင်းခံ၍ဲဆောင်ရွက်မည်ဖြစ်သည်။ နိုင်ငံတော်မှစက်ယန္တရားပံ့ပိုးမှုလိုအပ်ကာ
သောင်တူးစက်(သို့) ရေယာဉ်တစ်စီးအဓိက လိုအပ်ပါသည်။၂၀၁၁-ခုနှစ်အတွင်း
အပြီးဆောင်ရွက်ရန် ရာထားပါသည်။ အခုနှစ်မိုးရာသီတွင် လုပ်ငန်းဆောင်ရွက်မှာ
ဖြစ်ပြီးမိုးတွင်းတွင်ချောင်းထဲသို့ ရေငုတ်ဆင်းရသည်မှာရေအောက်ခြေရှိ
ကြမ်းပြင်သည် သမံသလင်းလိုပြောင်ရှင်းနေ၍ ဖြစ်သည်၊နွေရာသီတွင်နှုန်းမြေများ
ထူထပ်နေ၍ အဆင်မပြေနိုင်ဟု ဆိုသည်။
မြန်မာတက်ကနစ်ဖိုရမ်မှ ဗဟုသုတအဖြစ်သာမျှဝေပါသည်။
အသောကရာဇာ ဆွမ်းလောင်းအသင်း
Thursday, July 26, 2012
Monday, July 16, 2012
မှတ်သားဖွယ်ရာစကားများ
ပထမဦးစွာ မြတ်စွာဘုရားလက်ထက်က ၀ိသာခါကျောင်းအမကြီးက သူ့ရဲ့ ယောက္ခမကြီး
မိဂါရသူဌေးကြီးကိုပြောသောစကားဖြစ်ပါတယ်။ မိဂါရသူဌေးကြီးက အိမ်ရှေ့မှာ
ထမင်းစားနေတယ် သူ့ရဲ့ချွေးမ ၀ိသာခါ က ယပ်တောင်လေးနဲ့ ယပ်ခပ်ပေးနေတယ်။
အဲဒီအချိန် အိမ်ရှေ့မှာ ဘုန်းကြီးတစ်ပါး ဆွမ်းခံ ကြွလာတယ် တိတ္ထိဖြစ်တဲ့
မိဂါရသူဌေးကြီးဟာ မမြင်ချင်ယောင်ဆောင်နေတယ် မလှူဘူးလည်းမပြောဘူး
ဝိသာခါကမြင်တော့ ဘုန်းကြီးကို ထွက်လျှောက်တယ် ခွင့်လွှက်ပါ အရှင်ဘုရား
တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာစားသော
အဟောင်းစားများဖြစ်ပါတယ်ဘုရားလို့လျှောက်လိုက်တယ်။ အဲဒါကို သူဌေးကြီးက
ကြားသွားပြီး ယုက်မာလိုက်တဲ့ချွေးမ နင်ကများငါ့ကို အဟောင်းစားတဲ့
ငါလိုသူဌေးတစ်ယောက်ကို စော်ကားလိုက်တာပဲ။ အခုချက်ချင်း အိမ်ပေါ်ကဆင်းဆိုပြီး
ဆင်းခိုင်းလိုက်တယ်။ ၀ိသာခါကလည်း မဆင်းနိုင်ဘူး သူမမှားဘူးဆိုပြီး
တော့ပြောတယ်။ ဘယ်သူမှားတယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် သူရဲ့အဖေ
ထည့်ပေးလိုက်တဲ့ ပညာရှိသူကြွယ် ရှစ်ယောက်ကို ခေါ်ပြီးဆုံးဖြတ်ခိုင်းတယ်။
ပညာရှိသူကြွယ်ရှစ်ယောက်လာမှ ၀ိသာခါက ကျွန်မပြောတဲ့ အဟောင်းစားဆိုတာ
ကျွန်မရဲ့ယောက္ခမဟာ သူဌေးသူကြွယ်ဖြစ်နေပါလျှက် ဘုရားရဟန်းတို့ကို
ဆွမ်းတစ်လုတ်တောင်မှ မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘ၀ဟောင်းက
ကောင်းမှုကုသိုလ်တွေကိုပဲ ခံစားပြီး ယခုဘ၀မှာ ဘာကောင်းမှုမှ မလုပ်သူမို့
အဟောင်းစားလို့ တင်စားပြောဆိုခြင်းဖြစ်ပါတယ်။ ၀ိသာခါရဲ့ စကားဟာ
မှန်ကန်ုနေတာကြောင့် သူကြွယ်ပညာရှိရှစ်ယောက်လုံးက ၀ိသာခါကို တညီတညွတ်ထဲ
ထောက်ခံပြီး အိမ်ပေါ်ကနေမဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သူဌေးကြီးလည်း
သူရဲ့အမှားကိုသိသွားတယ်။ ၀ိသာခါကို အိမ်ကနေ မဆင်းခိုင်းတော့ဘူး။
ဝိသာခါကလည်း ဒီအိမ်ပေါ်မှာ ဆက်နေစေချင်ရင် ဗုဒ္ဓရဲ့ တရားတော် အဆုံးအမများ
နှင့် နေရမှ ဆက်နေမယ်လို့ သူဌေးကြီးကိုတောင်းဆိုတယ်။ သူဌေးကြီးကလည်း
ခွင့်ပြုလိုက်တယ်။ နောက်နေ့မှာတော့ ၀ိသာခါကျောင်းအမကြီးဟာ ဘုရားရှင် နှင့်
သံဃာတော်များအား ဆွမ်းများဆက်ကပ်ရန် ပင့်ဖိတ်လိုက်တယ်။ ၀ိသာခါ ဟာသူရဲ့
ဖခင်ကိုတရားတော်နာရန် ခေါ်လိုက်တယ်။ သူဌေးကြီးဟာ ဘုရားရှင်ရဲ့
မျက်နှာတော်ကို မကြည့်ရဲဘူးဖြစ်နေတယ်။ ဒါကြောင့် ကန့်လန့်ကာနောက်ကနေပဲ
တရားနာနေတယ်။ ဘုရားရှင်က ဆွမ်းစားပြီး တရားဟောကြားနေချိန်မှာ
ကန့်လန့်ကာနောက်ကနေ သစ္စာလေးပါးတရားတော်များကို နာကြားရင်း
တရားအဆုံးမှာသောတာပန်တည်သွားပါတယ်။
ဒုတိယကတော့ အင်းဝနေပြည်တော်မှ ဆရာတော်ဦးဗုဓ် ရဲ့စကားဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ် ဟာ မင်းနှင့်မိဘုရား ကြည်ညိုတာကြောင့် ရွာကျောင်းမှ အင်းဝနေပြည်တော်သို့ ပင့်ဆောင်ခံခဲ့ရပါတယ်။ ဆရာတော်ဟာ သက်တော် ( ၅၅ ) နှစ်မှာပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ဟာကျမ်းပေါင်း ( ၆၅ ) ကျမ်းကိုလည်းပြုစုရေးသားခဲ့ပါတယ်။ ဆရာတော်ဦးဗုဓ်ဟာ မြန်မာနိုင်ငံ ပရိယတ္တိသမိုင်းမှာ စာအတက်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက တညီတညွက်ထဲ အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ ဆရာတော်တစ်ပါးပါ။ အသိအမှတ်ပြုတဲ့ထဲမှာ လယ်တီဆရာတော်ဘုရားကြီးတောင်ပါပါတယ်။ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းခဲတဲ့ အုတ်ကျောင်းတော်မှာ သီတင်းသုံးတာကြောင့် မယ်နုအုတ်ကျောင်းဆရာတော်လို့လည်းနာမည်တွင်ပါတယ်။ မယ်နုအုတ်ကျောင်းဟာ တံတားဦးအင်းဝမှာ ယနေ့ထိတိုင် ရှိနေပါတယ်။ အုတ်ကျောင်းမှာရှိတဲ့ တိုင်ကြီးများဟာဖြင့် လူကြီးတစ်ဖတ်စာတောင်မကပါဘူး။ ကျောင်းရေစက်ချတော့ ရဟန်ပရိသတ်နဲ့ လူပရိသတ်အများအပြားလာရောက်ကြပါတယ်။ ရေစက်ချပွဲတွင် ဘုရင်နဲ့မိဘုရားက သြ၀ါဒပေးဖို့တောင်းပန်ပါတယ်။ ဆရာတော်က ဘယ်လိုသြ၀ါဒပေးလည်းဆိုတော့ “ မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမသြ၀ါဒပေးရန်မလို၊ မင်းနဲ့တူအောင် မကျင့်ပါက ငါတို့နှင့် မဆိုင် အ၀ီစိနှင့်သာဆိုင်သည် ” တဲ့ ဘယ်လောက်တိုပြီး ဘယ်လောက်ထိရောက်လိုက်သလဲ။ တစ်နေ့ နန်းမတော်မယ်နုဟာ မင်းပြစ်မင်းဒဏ်သင့်လို့ လည်ပင်းကို သဲအိတ်ဆွဲ ဧရာဝတီမြစ်ထဲမှာဆင်းပြီး သေစေလို့အမိန့်တော်ချမှတ်ခံရပါတယ်။ နန်းမတော်မယ်နုကို ဧရာဝတီမြစ်ထဲဆင်းဖို့အသွားမှာ မင်းချင်းများကို တောင်းပန်ပြီး ဆရာတော်ဦးဗုဓ်ကို ဖူးမြော်ကန်တော့လိုကြောင်းပြောပြတယ်။ မင်းချင်းတွေကလည်း သွားခွင့်ပြုလိုက်တယ်။ သူလှူခဲ့တဲ့ အုတ်ကျောင်းလေးမှာ ဆရာတော်က သီတင်းသုံးပြီး ကျမ်းစာများကို ပြုစုနေတာကို သူအရမ်းဝမ်းသာပါတယ်တဲ့။ ကျောင်းကိုရောက်တော့ ဆရာတော်က စာဖတ်နေပါတယ်။ နန်းမတော်မယ်နုက ငိုပြီးတော့ အရှင်ဘုရား တပည့်တော် သေရပါတော့မယ်ဘုရားတဲ့ တပည့်တော်ကို မကယ်နိုင်တော့ဘူးလားဘုရား ဆိုပြီး ငိုပြီးတော့လျှောက်တင်ပါတယ် ။ ဆရာတော်က ဖတ်နေတဲ့စာအုပ်ကိုခဏ ပိတ်ထားပြီး နန်းမတော်မယ်နုကို ပြောလိုက်တယ်။ “ မိနု ၀ဋ်းကြွေးရှိရင် ဆပ်ရမှာပဲတဲ့” လို့မိန့်ပြီးဖတ်လက်စ စာအုပ်ကို ပြန်ဖတ်နေတယ်။ နန်းမတော်မယ်နုလည်း မျက်ရည်များကိုသုတ်ပြီး မင်းချင်းတွေဘက်လှည့်ပြီးပြောတယ်။ ငါသေပျော်ပြီတဲ့ စတွေ့ကတည်းက ငါ့ကိုစကားတစ်ခွန်းမှ မပြောတဲ့ ငါ့ဆရာတော်က အခု ငါ့နာမည်ကိုခေါ်ပြီး တရားတစ်ပုဒ်ချီးမြင့်တယ်တဲ့ ဒီတစ်ခါသေပြီးရင် မိနု ၀ဋ်ကြွေး တစ်ခုကျေပြီပေါ့ ဆိုပြီး ဧရာဝတီမြစ်ထဲ ဆင်းသွားပါတယ်။
တတိယကတော့ အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ ရဲ့ စကားပဲဖြစ်ပါတယ်။ ဆရာတော်ဟာ အီတလီနိုင်ငံမှာနေပြီး ဓာတုဗေဒဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ပါတယ်။ ခရစ်စမက်နေ့မှာ လုပ်ဖော်ကိုင်ဖတ် သူငယ်ချင်းတစ်ယောက်က ဓမ္မပဒ အင်္ဂလိပ်ဘာသာပြန်စာအုပ်ကို ဖတ်ပြီး လုပ်ငန်းတွေ မိသားစုတွေကို ထားခဲ့ပြီး မြန်မာနိုင်ငံမှာ ၀ိပသာနာတရား အားထုက်နေပါတယ်။ ၀ိပသာနာတရားများအားထုက်ရင်း အိန္ဒိယ ၊ ထိုင်း ၊ ပါကစ္စတန် ၊ အာဖကန်နစ္စတန် နိုင်ငံများနှင့် တခြားနိုင်ငံများကို သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလောကနာထဟာ ၀ိပသာနာလုပ်ငန်းများကို အားထုက်ပြီး မိဘနှစ်ပါးကို တရားနှင့်ကျေးဇူးဆပ်ဖို့ အီတလီနိုင်ငံသို့ပြန်ကြွသွားသော်လည်း မိဘနှစ်ပါးစလုံးဟာကွယ်လွန် ခဲ့ပါတယ်။ ဆရာတော်ဟာ အီတလီနိုင်ငံမှာလည်း ဗုဒ္ဓတရားတော်များကို ဟောကြားပြသခဲ့ရာ ဗုဒဘာသာသို့ ကူးပြောင်းသူ အင်မတန်မှ များပြားခဲ့ပါတယ်။ တရားတော်များကို ဟောကြားပြသနေရင်း ၀မ်းဗိုက်ရောဂါတစ်ခုဖြစ်လာခဲ့ပါတယ်။ အီတလီမှာရှိတဲ့ဦးလေးအိမ်မှာ တည်းခိုရင်း ဆေးကုသနေရပါတယ်။ ရောဂါပျောက်သွားသောအခါ ဆရာတော်ဦးလောကနာထသည် ဗုဒ္ဓဘာသာအပေါ်မှာ မည်မျှလောက်တန်ဖိုးထားကြောင်း မှတ်ကျောက်တင်ကြည့်သကဲ့သို့ဖြစ်သောပြသာနာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ သူ့ဦးလေးသည် ဆရာတော်အား ဘာသာကူးပြောင်းရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်ခဲ့ပါတယ်။ အနုနည်းဖြင့် မရသောအခါ အကျပ်ကိုင်ပြီး အကြမ်းနည်းများသုံးပါတော့သည်။ မြန်မာပြည်သို့မပြန်ရ ၊ ဗုဒ္ဓတရားတော်များကို ဟောကြားခြင်းမပြုရ ၊ မည်သည့်နေရာမှ မသွားရဟူသောပညတ်ချက်များဖြင့် ခြံဝန်းထဲမှာ အကျယ်ချုပ်ထား၏။ ဆရာတော်ဦးလောကနာထသည် ဗုဒ္ဓဘာသာကို သာမန်ကာလျှံကာတန်ဖိုးထားခြင်းမဟုတ်၊ အသက်ထက်ပိုပြီး တန်ဖိုးထားခြင်းကြောင်း သူလုပ်ရပ်က ထင်ရှားစွာ ပြသနေပါသည်။ မြန်မာပြည်မှာနေပြီး သာသနာပြုခွင့်မရလျှင် အသက်သာ အသေခံမည်ဆိုပြီး အစာရေစာအငတ်ခံပြီး ဆန္ဒပြပြီး တရားထိုင်နေတော့ပါသည်။ သူ့ဦးလေးကလည်း ဒီကောင်မနေနိုင်ပါဘူး အလွန်ရှိလှ တစ်ရက် နှစ်ရက်ပေါ့ဆိုပြီး ပစ်ထားလိုက်တယ်။ လေးရက်ယောက်သောနေ့တွင် ဆရာတော်၏ ဦးလေးသည်စိုးရိမ်လာပါသည် ဆရာတော်၏ သွေးပေါင်များလည်း အလွန်ကျဆင်းနေသည်။ ငါးယောက်မြောက်သောနေ့တွင် အခြေအနေမကောင်းတော့ အသက်အန္တရာယ်ပင် ရှိလာတော့သည်။ နောက်ဆုံးလူသေမှုဖြစ်ပြီး အမှုပတ်မှာကြောက်သဖြင့် သူ့ဦးလေးက လက်မြောက်အရှုံးပေးပြီး မြန်မာပြည်သို့ပြန်ခွင့်ြ့ပုလိုက်သည်။ သို့သော် ဆရာတော်အား ခရီးစရိတ် တစ်ပြားမှ မလှူလိုက်ပါ။ ဗုဒ္ဓသားတော်ဖြစ်သော ဆရာတော်ဦးလောကနာထသည် အီတလီမှ မြန်မာနိုင်ငံသို့ ခြေလျင်ခရီးဖြင့်ကြွလေတော့သည်။ ရောက်လေရာမြို့ နားလေရာ စခန်းများမှာ သာသနာပြုရင်း မြန်မာနိုင်ငံသို့ရောက်အောင်လာခဲ့ပါသည်။ လမ်းခရီးမှာ တွေ့ကြုံခဲ့ရသည့် အန္တရာယ်များကိုလည်း မေတ္တာ တရားဖြင့်သာ အနိုင်ယူခဲ့ပါသည်။ ဆရာတော်သည် သူ၏ ဆန္ဒအတိုင်း ၀ိပသာနာတရားများအားထုက်ရင်း ပြင်ဦးလွင်မြို့မှာ ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော်ဟာ ရန်ကုန်မှ ဘာသာရေး အရာရှိ ဦးဟန်ဌေး အား ပြောပြခဲ့သော စကားလေးတစ်ခွန်းကို ဗုဒ္ဓဘာသာဝင်အားလုံးသိစေချင်ပါသည်။ “ မြန်မာပြည်က ဗုဒ္ဓဘာသာတွေဟာ ဘုရင့်သားကနေ ဘုရင်ဖြစ်လာတာတဲ့တူတယ်။ နိုင်ငံခြားဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့တူတယ်။ ဘုရင့်သားတော်ဘ၀ကနေ ဘုရင်ဖြစ်လာရတဲ့အခါ လွယ်ကူလွန်း အားကြီးတော့ ဘုရင်အဖြစ်ကို တန်းဖိုးသိပ်မထားသလို မြန်မာပြည်သားတွေဟာ ဗုဒ္ဓဘာသာအဖြစ်ကို လွယ်လွယ်ကူကူရကြတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုးမထားကြဘူး။ ဒါကြောင့်လည်းဝမ်းရေးလေး တစ်ခုလောက်နဲ့ဘာသာပြောင်းသွားကြတာပေါ့။ ဆင်းရဲသားဘ၀ကနေ ကျားကုတ်ကျားခဲဖြင့် ဘုရင်ဖြစ်လာတော့ ဘုရင်ဘ၀ကို အလွန်တန်ဖိုးထားကြတယ်။ ကျုပ်တို့လို ဘာသာခြားဘ၀ကနေ အခက်အခဲများစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေက ဗုဒ္ဓဘာသာကို ဘယ်လောက်တန်ဖိုးထားသလဲဆိုရင် အသက်ထက်ပိုပြီး တန်ဖိုးထားတယ်”။

လူလေးမျိုး
လောကမှာ လူလေးမျိုး ရှိပါတယ်။ အဲဒီလေးမျိုးထဲမှာ မိမိက ဘယ်အမျိုးအစားထဲမှာ
ပါသလဲဆိုတာ ဝေဖန်ဆန်းစစ်နိုင်ပါတယ်။ ရခဲလှတဲ့ လူ့ဘ၀ကိုရောက်လာခဲ့ရင်ပဲ
မွေးကတည်းက ငိုသံနဲ့စပြီး အဆုံးသေပြန်တော့လည်း ငိုသံတွေနဲ့သာ
အဆုံးသတ်ကြရတယ်။ ဆပ်မကုန်နိုင်တဲ့ ၀ဋ်ကြွေးများ မဆုံးနိုင်တဲ့ ဒုက္ခများကို
ပေးဆပ်ရင်း နာရီလက်တံလို တစ်နေကုန်လည်ပတ်ရင်း သွားလာလှုပ်ရှား
ရုန်းကန်နေကြရပါတယ်။ သံသရာ ၀ဲဂယက်မှ မရုန်းထွက်နိုင်သမျှ ကာလပတ်လုံး
မပြည့်စုံမှု အလိုမကျ မှုများနှင့်သာ အချိန်ကုန်ရင်း နောက်ဆုံး ကွယ်လွန်အနိစ္စ
ရောက်ကြရပါတယ်။ လူလေးမျိုး ရှိကြရာ ၀ယ်
( ၁ ) အမှောင်ထဲကလာပြီး အမှောင်ကိုသွားတယ်
( ၂ ) အမှောင်ထဲကလာပြီး အလင်းကိုသွားတယ်
( ၃ ) အလင်းကလာပြီး အမှောင်ကိုသွားတယ်
( ၄ ) အလင်းကလာပြီး အလင်းကိုပြန်သွားတယ် … ဟူ၍ဖြစ်ကြပါတယ်။
နံပါတ်တစ်လူမျိုးကတော့ အကုသိုလ်ဆိုတဲ့ အမိုက်မှောင်ထဲကလာပြီးတော့ ဘာကောင်းမှုမှ မလုပ်ဘဲ အကုသိုလ်များသာ ဆက်လုပ်ရင်းအချိန်တွေကုန် ကွယ်လွန်ခါကြတော့ အမှောင်ထဲကိုပဲ ပြန်သွားကြသောလူမျိုးဖြစ်ပါတယ်။ အကုသိုလ်အမှောင်ထဲလာပြီး ဆင်းရဲသောဘ၀မှာရောက်နေတာတောင် အမှောင်ကိုပဲ တွယ်ကပ်ပြီး အကုသိုလ်များထပ်ပွားနေမယ်ဆိုရင်ဖြင့် လားရာက ငရဲ သို့ပဲဖြစ်ပါတယ်။
နံပါတ်နှစ်လူမျိုးကတော့ အကုသိုလ်ဆိုတဲ့ အမိုက်မှောင်ထဲကလာပြီးတော့ ကောင်းမှု ကုသိုလ်များပြုလုပ်ရင်း အချိန်တွေကုန်သွားတော့ ကွယ်လွန်သောအခါ အလင်းဆိုသော ကောင်းရာဘုံဘ၀များသို့ ရောက်ကြရပါတယ်။ မိမိအရင်ဘ၀ကမကောင်းခဲ့လို့ဒီဘ၀မှာဆင်းရဲနေတာကို သံဝေဂရပြီးနောက် ကောင်းမှုကုသိုလ်များ ပြုလုပ်သောသူသည် အမှောင်ကနေလာပြီး အလင်းကိုသွားသူများဖြစ်ပါသည်။
နံပါတ်သုံးကတော့ အရင်ဘ၀က ကောင်းမှုကုသိုလ်များကြောင့် ဒီဘ၀ အပူအပင်မရှိပဲ နေနိုင်ပြီး ကြွယ်ဝချမ်းသာ လာကြသော လူတန်းစားများသည် စည်းစိမ်ရစ်မူးနေပြီး ကောင်မှုကုသိုလ်ပြုလုပ်ဖို့ကို မေ့နေမယ်ဆိုရင်တော့ အလင်းကနေလာပြီး အမှောင်ကိုပြန်သွားသောသူများကိုဆိုလိုခြင်းဖြစ်သည်။ စည်းစိမ်ချမ်သာတာကို သောက်မယ်စားမယ် ပျော်မယ်ပါးမယ် ကိလေသာကာမဂုဏ်ထဲမှာပဲ ပျော်မွေ့နေမယ်ဆိုရင်တော့ ကွယ်လွန်သွားသော် အပါယ်လေးဘုံသို့ ကြွမြန်းရမှာ ဖြစ်ပါတယ်။
နံပါတ်လေးလူမျိုးကတော့ အရင်ဘ၀ကကောင်းမှုကုသိုလ်တို့ကြောင့် ဒီဘ၀မှာ ချမ်းချမ်းသာသာ နဲ့နေထိုင်ပြီး ကောင်းမှုကုသိုလ်များလည်း အရင်ကထက် ပြုလုပ်သောသူများကိုဆိုလိုသည်။ ရှိတာလေးကို လှူလိုက်ရင် လျော့သွားမယ် ကုန်သွားမယ်ဆိုတဲ့ လောဘစိတ်ကို ချေဖြတ်ပြီး လှူဒါန်းသူများသည် ကွယ်လွန်ပြီးသော် ယခုဘ၀ထက်ကောင်းသော ဘုံဘ၀သို့သာ ကြွလှမ်းစံမြန်းကြရမည်။

Tuesday, July 10, 2012
ကုသိုလ်
ယနေ့ ၁၀.၇.၂၀၁၂ ဖျောက်ဆိပ်ပင်ကျေးရွာတွင် ကျင်းပသော ရခိုင်ပြည်နယ်တွင် ဒုက္ခရောက်နေကြသော တိုင်းရင်းသား ညီအကိုမောင်နှမများအား ကူညီထောက်ပံရန် အထူးတရားပွဲတွင် အသောကရာဇာဆွမ်းလောင်းအသင်းမှ ဆန်အိတ် ( ၅ ) အိတ်နှင့် ငွေ ( ၅၀၀၀၀ ) ကျပ်လှူဒါန်းပါသည်။ အသင်းသားအသင်းသူ (၄၀)ကျော် တရားနာတက်ရောက်ကြပါသည်။ ဟောကြားသည့်ဆရာတော်ကတော့ အရှင်ကုမာရဖြစ်ပါသည်။ မန္တလေးမြို့၊ တောင်စလင်းတိုက်သစ် ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခ ( အဂ္ဂမဟာပဏ္ဍိတ ) ဦးဆောင်သော နယ်စပ်တောင်တန်း နှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓဘာသာသာသနာပြန့်ပွားရေးအသင်းချုပ်မှ ဖြစ်ပါသည်။ ဟောကြားသည့်တရားတော်ကတော့ ကုသိုလ် အမည်ရသောတရားတော်ဖြစ်ပါသည်။
Monday, July 9, 2012
အသောကရာဇာဆွမ်းလောင်းအသင်း ရည်ရွယ်ချက်
ဗုဒ္ဓသာသနာတော်ကြီးအား အဓွန့်ရှည်တည်တဲ့ခိုင်မြဲစေရန် ရည်ရွယ်၍ သာသနာတော်ကြီး ထွန်းကားပြန့်ပွားအောင် ဆောင်ရွက်နေကြသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဘောဇဉ် နှင့်အကွ လိုအပ်သောပစ္စည်း များ ထောက်ပံ့ လှူဒါန်းနိုင်ရန်ဖြစ်ပါသည်။ ရပ်ကွက်အတွင်းရှိ လူငယ်လေးများ ဗုဒ္ဓဘာသာ သာသနာတော်ကြီးအား ဦးထိပ်ပန်ဆင်၍ ယုံကြည်သက်ဝင် ကိုးကွယ် ဆည်းကပ်ပြီးသာသနာပြုသူရဲကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်ပါသည်။ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပျက်စီး ယိုယွင်းနေသော ဘုန်းကြီးကျောင်း ဘုရား ဓမ္မာရုံ များ နှင့် လူမှုရေးပရဟိတ အသင်းများတွင် လုပ်အားဖြင့်ဖြစ်စေ ငွေအားဖြင့်ဖြစ်စေ တစ်ဖတ်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။ ရပ်ကွက်အတွင်းရှိလူမှုရေးအသင်းများ နှင့် ပရဟိတအသင်းများ ဖွဲစည်းတည်ထောင်ပြီး လဲနေသူထူပေး၍ ယိုင်နေသူကို တည့်မက်ပေးစေလိုသော ရည်ရွယ်ချက်များဖြစ်ပါတယ်။
Sunday, July 8, 2012
ရင်နာစရာ
ဗုဒ္ဓဘာသာမြန်မာမိန်းခလေးများအတွက် မမှားသင့်တာလေးတွေ မမှားရအောင်
ဖြစ်ရပ်မှန် (၁) ဒီအဖြစ်အပျက်လေးက အညာမြို့လေးတစ်မြို့မှာ တကယ်ဖြစ်ပျက်
ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။ တိတိကျကျပြောရရင်
မုံရွာမြို့နယ်၊ အလုံမြို့လေးမှာဖြစ်ပါတယ်။ ဒီမြို့လေးဟာ ဘိုးတော်ဘုရား
အိမ်နိမ့်စံဘ၀က ပဒုံဟူသောအမည်နဲ့ မြို့တည်ပြီးစိုးစံခဲ့တာကြောင့်
သမိုင်းကြောင်းအရာလည်း ထင်ရှားခဲ့ပါတယ်။ အလုံမြို့လေးဟာ
ချင်းတွင်းမြစ်ကမ်းနဖူးမှာတည်ရှိနေတာကြောင့်လည်း သာယာစိုပြေလှပါသည်။
မြို့သူမြို့သားတွေဟာ ချင်းတွင်းရေသောက်သူများဖြစ်ကြတဲ့အတွက်
အသားအရေစိုပြေလှပါတယ်။ အဲဒါကြောင့် ချင်းတွင်းမြစ်ရေဟာ
အလုံမြို့သူမြို့သားတွေရဲ့ နှလုံးသားများဖြစ်နေပါတော့တယ်။ မစုစုလတ်ဟာ
ဦးလှမြတ်+ဒေါ်စန်းရီဆိုတဲ့မိဘနှစ်ပါး၊ ညီအစ်ကိုမောင်နှမများနှင့်အတူ
အလုံမြို့၊ ရွေတံ ခါးရပ်မှာနေထိုင်ကြပါတယ်။ သူတို့မိသားစုဟာ
မျိုးရိုးအစဉ်အဆက်ကတည်းက အေးအေး ဆေးဆေး နေတတ်ကြသူများဖြစ်ကြပါတယ်။
ဖခင်ဦးလှမြတ်ကတော့ အရောင်းအ၀ယ်နဲ့သာ အချိန် ကုန်နေတတ်ပြီး
မိခင်ဒေါ်စန်းရီမှာတော့ အထက ( ၁ ) အလုံမှ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။
ဆရာမဖြစ်သည့်အလျောက် ခလေးငယ်များ ကျောင်းပညာရေးဖြင့်သာ
အချိန်ကုန်ခဲ့ရပါတယ်။ "တပည့်မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏"
ဆိုတဲ့သူလည်းဖြစ်ပါတယ်။ အဲဒါကြောင့် မိမိရဲ့ သားသမီးများကို "
အမျိုးကိုဘယ်လိုချစ်ရမယ်၊ ဘာသာတရားကိုဘယ်လိုလေးစားတန်ဖိုးထားရမယ်"
စတာတွေကို ဆုံးမသွန်သင်ဖို့ပျက်ကွက်ခဲ့ပါတယ်။ အခုဆိုရင်သမီးဖြစ်သူ
မစုစုလတ်တောင် အရွယ်ရောက်လို့ လှသွေးကြွလို့နေပါပြီ။ အသားကလည်းဖြူ
ရုပ်ဆင်းအင်္ဂါကလည်းချောမွေ့၊ ခန္ဓာကိုယ်အချိုးအစားကလည်းပြေပြစ်တော့
မြင်သူတကာငေးမောရလောက်အောင် လှပလွန်းပါတယ်။ အလှပေါ်အယဉ်ဆင့်ဆိုသလို
သူ့ရဲ့ရိုးသားမှုဂုဏ်ကလည်း ပိုပြီးတော့လှပတင့်တယ်မှုကို အရောင်တောက်စေပါတယ်။
အရွယ်လည်းရောက်လာတဲ့မစုစုလတ်ဟာ မိဘတွေရဲ့ဝင်ငွေကို
တစ်ဘက်မှကူညီပြီးရှာဖွေပေးချင်တဲ့ အတွက် စက်ချုပ်ပညာကိုသင်ယူခဲ့ပါတယ်။
ဒီပညာနဲ့ပဲ မိဘ၀င်ငွေကို တစ်ဘက်တစ်လမ်းကရှာဖွေပြီး မိဘကျေးဇူးဆပ်ခဲ့ပါတယ်။
အလုပ်အကိုင်လေးကလည်းရှိ၊ ရုပ်ရည်ကလည်းချော၊ သဘောမနောကလည်းဖြူဆိုတော့ သူကို
လှမ်းခြူဖို့ကြိုးစားနေကြတဲ့ ကိုကိုလူပျိုကာလသားတွေကလည်း
ဝိုင်းဝိုင်းလည်အောင်ရှိခဲ့ပါတယ်။ အဲဒီထဲမှာ ရာဇင်ဆိုတဲ့
ကောင်လေးတစ်ယောက်လည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်၊ ရာဇင်ဟာ စုစုလတ်
အပ်ချုပ်ဆိုင်ကိုသွားတိုင်း လမ်းမှစောင့်ပြီး ပိုးပန်းလေ့ရှိခဲ့ပါတယ်။
ရိုးသားဖြူစင်ဖြောင့်မတ်တဲ့ စုစုလတ် ကို အာဘောင်အာရင်းသန်သန်ဖြင့်
ချိုမြရွှင်ပြတဲ့ ရည်းစားစကားများပြောပြီး စုစုလတ်ရဲ့အချစ်ကို ရယူ
နိုင်ခဲ့ပါတယ်။ အချစ်မျက်ကန်းသည်မလေးစုစုလတ်ဟာ ရာဇင်ရဲ့အချစ်ကို
လက်ခံရယူပြီးချိန်မှာတော့ ရာဇင်ဟာမစုစုလတ်အပေါ် အလိုလိုက်အကြိုက်ဆောင်ကာ
အစွမ်းကုန်ယုယကြင်နာမှုများ ပေးစွမ်းခဲ့ ပါတယ်။ နောက်ပြီး
မစုစုလတ်ကြိုက်တတ်တဲ့ အမှတ်တရပစ္စည်းလေးများကို ၀ယ်ပေးလေ့ရှိခဲ့ပြီး
အပြုံးချိုချိုမျက်နှာထားလေးနဲ့ အကြွားပိုပြခဲ့ပါတယ်။
မိန်းခလေးတစ်ယောက်ကိုဘယ်လိုပြောရမယ် ဘယ်လိုချဉ်းကပ်ရမယ်၊
ဘယ်လိုမြူဆွယ်ရမယ်ဆိုတာကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပြီး မိန်းမကျမ်း
ကျေထားပုံလည်းရပါတယ်။ ရာဇင်နဲ့မစုစုလတ်ဟာ
တစ်ယောက်ကိုတစ်ယောက်သိပ်ချစ်ကြပေမဲ့ မတူညီတဲ့ခြားနားချက်တွေ ရှိခဲ့ကြပါတယ်
အဲဒါကတော့ လူမျိုးလည်းမတူ၊ ဘာသာကလည်းခြားနားလို့နေပါတယ်။ မစုစုလတ်ဟာ
ဗုဒ္ဓဘာသာမြန်မာလူမျိုးစစ်စစ်ဖြစ်တဲ့မိဘနှစ်ပါးက ပေါက်ဖွားလာတဲ့
မြန်မာအမျီုးသမီး လေးပဲဖြစ်ပါတယ်။ ရာဇင်ကတော့ မြန်မာလူမျိုးလည်းမဟုတ်သလို
ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ် သူလည်း မဟုတ်ခဲ့ပါဘူး။ ဒီလိုမတူညီတဲ့
ခြားနားမှုလေးတွေကြောင့် မစုစုလတ်မိဘများကလည်း ရာဇင်နဲ့သဘောမတူခဲ့သ လို
မစုစုလတ်ကိုယ်တိုင်ကလည်း ရာဇင်နဲ့လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်
ရာဇင်က မစုစု လတ်ကို "လူမျိုးမတူ ဘာသာမတူတာနဲ့ ကိုယ်တို့နှစ်ယောက်
ဝေးရမယ်ဆိုတာ လုံးဝမဖြစ်စေရဘူး။ ငါလည်းငါကြိုက်နှစ်သက်တဲ့ဘာသာကို
ကိုးကွယ်မယ်။ မင်းကိုလည်း မင်းကြိုက်နှစ်သက်တဲ့ဘာသာကို လွပ်လွပ်လပ်လပ်
ကိုးကွယ်ယုံကြည်ခွင့်ပေးမယ်"ဆိုပြီး အာမခံချက် ရဲရဲတင်းတင်းပေးလိုက်ပါတယ်။
ဖြစ်ရပ်မှန် အပိုင်း( ၂ ) အရိုးခံမစုစုလတ်ခမျာ စိတ်ထဲမှာ
ရာဇင်ဟာအခြားအခြားသောလူမျိုးခြား၊ ဘာသာခြားတွေနဲ့မတူ လိမ္မာယဉ်ကျေးမှုရှိတယ်။
လူမှုရေးရှိတယ်၊ သူ့အပေါ်ကို နားလည်မှုပေးတယ်၊ ဘာသာရေး
လွတ်လပ်ခွင့်ကိုလည်းပေးတယ်ဆိုပြီး တစ်ကိုယ်တော်ချီးမွမ်းခမ်းထုတ်ကာ
ရာဇင်ကို မိုးကျရွေကိုယ် နတ်သားတစ်ပါးလို ထင်လာခဲ့ပါတယ်။
မစုစုလတ်မိဘတွေကလည်း ရာဇင်နဲ့အဆက်အသွယ်ဖြတ်ဖို့
အမျိုးမျိုးဖြောင်းဖျခဲ့ကြပါတယ်။ " သမီးရယ်
အခုသမီးနဲ့ချစ်ကြိုက်နေတဲ့ကောင်လေးနဲ့တော့ မယူပါနဲ့၊ သမီးဒီကောင်လေးကို
လက်ထပ်ယူမယ်ဆိုရင် မေမေတို့မိဘဘိုးဘွားအစဉ်အဆက်တွေ
ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မျိုးရိုးဗီဇတွေ ပျက်စီးကုန် လိမ့်မယ်၊
သမီးကြားဖူးမှာပါ၊ မြေမျိုလို့လူမျိုးမပြုတ် လူမျိုမှလူမျိုးပြုတ်မယ်ဆိုတာ၊
ဒီစကားဟာ ရှေးက လူကြီးတွေက သက်သက်အဓိပ္ပါယ်မဲ့ ပြောခဲ့တာမဟုပ်ဘူး၊
သမီးတို့လို အချစ်မျက်ကန်းတွေအတွက် အရေးတကြီးမှာခဲ့တဲ့စကားဖြစ်တယ်၊
သမီးအခုဆိုရင် အဲဒီစကားရဲ့ စည်းတစ်ဘက်ကို ရောက်ဖို့ တာစူ နေပြီ၊
အသိတရားနဲ့သတိထားပါသမီးရယ်၊ မေမေလည်းငယ်ရာကကြီးလာတာမို့
သမီးတို့လူငယ်တွေရဲ့ အချစ်ဟာ ဘယ်လောက်ထိနက်ရှိုင်းစူးနစ်တယ်ဆိုတာ
မေမေနားလည်ပါတယ်။ မေမေတို့နဲ့အမျိုးတူဘာသာတူ၊ ဖြစ်နေမယ်ဆိုရင်
လမ်းဘေးမှာခြေပြတ်လက်ပြတ် တောင်းစားနေတဲ့ သူတောင်းစားနဲ့ဆိုရင်တောင် မေမေ
အခုလိုမျက်ရည်နဲ့မျက်ခွက်ငိုယိုပြီး သမီးကိုတောင်းပန်နေမှာ မဟုတ်ဘူး၊
လမ်းဘေးကသူတောင်းစားနဲ့ယူလို့ ငါ့သမီးကမွေးတဲ့ မေမေ့မြေးလေးတွေဟာ
မြန်မာလူမျိုး စစ်စစ်ဖြစ်ရသေးတယ်၊ အခုသမီးချစ်ကြိုက်နေတဲ့
ကောင်လေးနဲ့သာယူမယ်ဆိုရင် ငါ့သမီးက မွေးတဲ့ ငါ့မြေးလေးတွေဟာ
လူမျိုးခြားကပြားလေးတွေဖြစ်နေချေရဲ့။ ဒါကြောင့်မို့ မေမေ့ကိုသနား ကြင်နာသော
အားဖြင့် ကျေးဇူးဆပ်တဲ့အနေနဲ့ ဒီကောင်လေးကိုတော့
လုံးဝလက်မထပ်နဲ့နော်"ဆိုပြီး မိခင်ဒေါ်စန်းရီ ခမျာ သမီးဖြစ်သူကို
ငိုယိုပြီးတောင်းပန်ရှာပါတယ်။ ဒါပေမဲ့ မစုစုလတ်ကတော့ ခပ်မိုက်မိုက်ပဲ
အချစ်သူရဲကောင်းကြီးလုပ်ပြီး ရာဇင်နဲ့နှစ်ဦးသဘောတူ လက်ထပ်ယူလိုက်ကြပါတယ်။
အဲဒီတုန်းက မစုစုလတ်ဟာ ကမ်းမမြင်လမ်းမမြင် နှစ်ဦးသား ချစ်ရည်လူး ကာ
ပျော်ရွင်လိုက်သည့်ဖြစ်ခြင်း၊ လောကမှာသူ့လောက်ကံကောင်းသူ မရှိဟုပင်
ထင်ခဲ့မိပါတယ်။ သူတို့လက်ထပ်ပြီးလို့နှစ်လလောက်ကြာလာတဲ့အခါမှာတော့
မင်းသားခေါင်းစွပ်ထားတဲ့ ဘီလူးမျက်နှာ ဟာ တစ်နေ့တခြား
ထင်ထင်ရှားရှားပေါ်လွင်လာပါတော့တယ်။ ရာဇင်ဟာ သူတို့ဘာသာရဲ့ထုံးစံအတိုင်း
မစုစုလတ်ကို သူတို့ဘာသာထဲဝင်ရမယ်လို့ အကျပ်ကိုင်လာပါတယ်။ နောက်ပြီး ရာဇင်က
တကယ်လို့ မစုစုလတ်အနေနဲ့ သူတို့ဘာသာထဲကိုမ၀င်ပဲ ဗုဒ္ဓဘာသာကို
ဆက်လက်ကိုးကွယ်ယုံကြည်နေဦးမယ် ဆိုရင် သူတို့ဘာသာရဲ့ထုံးစံအရ
တရားဝင်ဇနီးမယားဖြစ်မလာ နိုင်ကြောင်း၊ မွေးလာတဲ့သားသမီးတွေ မှာလည်း
တရားဝင်သားသမီးမဟုတ်တော့ဘဲ တိတ်တိတ်ပုန်း ရထားတဲ့သားသမီးများ
ဖြစ်ခြင်းကြောင့် အမွေဆက်ခံခွင့်မရရှိနိုင်ကြောင်း၊
မစုစုလတ်ကိုယ်တိုင်မှာလည်း၊ တရားဝင်ဇနီးမယား မဖြစ်သေးတဲ့ အတွက်
လင်မယားချင်းကွဲကွာတဲ့အခါ ဘာပစ္စည်းမှမရနိုင်ကြောင်း၊ ဒါကြောင့်မို့
မစုစုလတ်ကိုယ်တိုင် တရားဝင်ဇနီးဖြစ်အောင် သူတို့ဘာသာထဲဝင်ပြီး
သူတို့ဘာသာနဲ့အညီ လက်ထပ်ရမညီဖြစ်ကြောင်း အကျပ်ကိုင်လာပါတယ်။ နောက်ပြီး
ရာဇင်ရဲ့မိဘ ညီအစ်ကိုမောင်နှမတွေကလည်း သူတို့အိမ်မှာတစ်ခြားဘာသာကို
ကိုးကွယ် ယုံကြည်တဲ့ မစုစုလတ်ရှိနေလို့ လာဘ်မရှိတာ စီးပွားရေးကျတာဆိုပြီး
မစုစုလတ်အပေါ်အပြစ်ပုံချကာ မကြည်ဖြူနိုင်တော့ဘဲ ငြိုငြင်လာကြပါတယ်။ အခုတော့
လူမျိုးခြားဘာသာခြားရဲ့စကားကိုယုံကြည်ပြီး လက်ထပ်ယူခဲ့တဲ့ မစုစုလတ်ရဲ့
မိုးကောင်းကင် ရွေအိမ်မက်ကြီးဟာ တစ်ဖြည်းဖြည်းအရောင်တွေလွင့်ပါးပြီး
ပျက်ပြယ်ခဲ့ရပါပြီ။ ပျော်ရွင် ရယ်မောခြင်း တွေဟာလည်း
တဖြည်းဖြည်းအရည်ပျော်ကာ ငိုကြွေးခြင်းရဲ့ လမ်းစဖြစ်ခဲ့ရပါပြီ။
သူရဲ့နှုတ်ခမ်းထက်က ချိုချိုမြမြစကားလုံးတွေဟာ ခုတော့ခါးတမာတောလို
ဖြစ်ခဲ့ရပါပြီ။ သူတို့ရဲ့ ကြင်စဦးဇနီးမောင်နှံတုန်းက
အကြင်နာပုံရိပ်တွေဟာလည်း တံလျပ်ပမာ အဝေးဆီသို့သာ တရိပ်ရိပ်
လွင့်မျောပျောက်ကွယ်သွား ရပြီတကား။ အခုတော့မစုစုလတ်ခမျာ
ဆုံးဖြတ်ချက်တခုခုတော့ချရတော့မှာဖြစ်ပါတယ်။ တိုင်းပြည်နဲ့မိဘဘိုးဘွား
တွေရဲ့ မျိုးရိုးဇာတိကိုငဲ့မည်လော၊ မိမိရဲ့တစ်ဘ၀စာ တစ်နပ်စာ
ရှေ့ရေးကိုငဲ့မည်လော၊ ပဒိုင်းသီးကဲ့သို့ စားလည်းရူး
ဆုတ်လည်းစူးဖြစ်ရတော့မည့်အခြေအနေသို့ ဆိုက်ရောက်နေပါတော့တယ်။
မိမိရဲ့အမိုက် ဇာတ်ကို မိမိကိုယ်တိုင်ပဲ ပြီးဆုံးအောင် က ရပါတော့မယ်။
ဒီအချိန်မှာ အိမ်ပြန်လို့လည်း ဘယ်မိဘ ညီအစ်ကိုမောင်နှမကမှ လက်ခံမည်မဟုတ်၊
မိဘညီအကိုမောင်နှမတွေက ဒီလူမျိုးခြားဘာသာခြားကို လက်ထပ်မယူဖို့
အတန်တန်တားတဲ့ကြားက မိမိကိုယ်တိုင်က ပိုးဖလံမျိုး မီးကိုတိုးသကဲ့သို့
အချစ်သူရဲ ကောင်းကြီးလုပ်ပြီး " ငရဲ " တွင်းထဲသို့
ခုန်ဆင်းခဲ့သည်မဟုတ်ပါလား။ အပိုင်း ( ၃ )ဇာတ်သိမ်း အခုတော့
မစုစုလတ်ရဲ့ဘ၀ကတော့ "ပေါက်တဲ့နဖူးမထူးဘူး" ဆိုတဲ့စကားလို ဘယ်အရာမျိုးကိုမှ
မထူး တော့ဘဲ ကံကြမ္မာကိုသာယိုးမယ်ဖွဲ့ပြီး လူမျိုးခြားဘာသာဇာတ်ထဲကို
ခြေစုံပစ်ဝင်လိုက်ရပါတော့တယ်။ လူမျိုးခြား၊ ဘာသာခြားဇာတ်ထဲဝင်ရတယ်ဆိုတာ
ပါးစပ်ကအပြောနဲ့ဝင်ပါ့မယ်ဆိုပြီး လုပ်လို့မရဘူး။ သူတို့ယုံကြည်မှုရှိအောင်
သူတို့ခိုင်းသမျှ အကုန်လုပ်ပြရတယ်။ မစုစုလတ်ငယ်ငယ်လေးထဲက ဦးထိပ်မှာ
ပန်ဆင်ပြီး ရှိခိုးဦးချခဲ့တဲ့ဗုဒ္ဓရုပ်ပွားတော်ဟာ အခုတော့
မစုစုလတ်ရဲ့ခြေဖ၀ါးအောက် ရောက်ခဲ့ရပါပြီ။ မိဘဘိုးဘွားစဉ်ဆက်က အရှေ့အရပ်ကို
ခေါင်းပြုအိပ်ခဲ့ရတဲ့မစုစုလတ်ဟာ အခုတော့ ခြေအစုံပစ်ကန်ပြီး အိပ်ခဲ့ရပါပြီ။
အိမ်ဦးခန်းမှာကိုးကွယ်ယုံကြည်ခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်ဟာလည်း
သာမန်သစ်သားတုံးအမှတ် ဖြစ်ခဲ့ရပါပြီ။ တန်ခိုးကြီးစေတီပုထိုးများဟာလည်း
မစုစုလတ်ဘ၀အတွက်တော့ အုပ်ပုံအဖြစ်ရောက်ခဲ့ရပါ ပြီ။ သို့ပေမယ့်
မစုစုလတ်အနေနဲ့ ဘာမှအားအငယ်ခဲ့ပါ။ ဘာကိုမှ လည်း တွေးပြီးမပူပန်ခဲ့ပါ။
မောင်သာ မေ့ဘ၀၊ မောင်သာမေ့ရဲ့ကမ္ဘာဖြစ်လို့ နေခဲ့မိပါတယ်။ လောကမှာ
အမြတ်နိုးဆုံးအရာတွေလို့ထင်မှတ် ထားခဲ့တဲ့ မိဘမျိုးရိုးစဉ်ဆက်နှင့်
ဘာသာတရားတွေကို ချိန်ခွင်တစ်ဖက်မှာတင်ပြီးတော့ ရာဇင်ဆိုတဲ့ မောင့်ကို
ချိန်ခွင်တစ်ဖက်မှာတင်ပြီး ချိန်တွယ်ခွင့်ရမယ်ဆိုရင်တောင်၊ မောင့်ဖက်မှာပဲ
အလေးပေးခဲ့တဲ့ အချစ်မျက်ကန်းသည်မလေး မစုစုလတ်မဟုတ်ပါလား။ ၂၀၀၀ ပြည့်နှစ်
မတ်လသို့ရောက်ခဲ့ပါပြီ။ ဒီအချိန်မှာ မစုစုလတ်တစ်ယောက် ကျမ္မာရေးမကြာခဏ
ဖောက်ပြန်လို့နေပါတယ်။ ညတိုင်းအိပ်တဲ့အခါတွေမှာလည်း
အိမ်မက်ဆိုးများမြင်မက်လေ့ရှိပါတယ်။ အဲဒါကြောင့်
ဒုက္ခရောက်တဲ့အခါထွက်ပေါက်အဖြစ် လင်ယောက်ျားမသိအောင် ဗေဒင်ဆရာကို အားကိုး
တကြီးနဲ့ သွားမေးပါတယ်။ ဗေဒင်ဆရာက ဘုရားမှာအုန်းညွန့်၊
ဒါန်းညွန့်များလှူပြီး ကုသိုလ်ကောင်းမှု များလုပ်ဖို့ ယတြာပေးလိုက်ပါတယ်။
မစုစုလတ်အနေနဲ့ ရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေဖို့ ဗေဒင်ဆရာပေးလိုက်တဲ့
ယတြာကိုချေချင်ပါတယ်၊ ဒါပေမယ့် ဘာသာခြားဇာတ်ထဲဝင်ထားတဲ့ သူတစ်ယောက်အနေနဲ့
ဘုရားကျောင်းကန်မှာသွားပြီး အုန်းညွန့်၊ ဒါန်းညွန့်လှူဖို့ အခက်တွေ့ရ
ပါတော့တယ်။ ဒါပေမယ့် ဥပါဒါန်ကြောင့်ဥပါဒ်ရောက် မဖြစ်ရအောင် ( ၆. ၃. ၂၀၀၀
)နေ့မှာ ဘုရားကျောင်းကန်ကို သွားမနေတော့ဘဲ မိမိအိမ်မှာတင်
လစ်ပိုပုလင်းထဲကို အုန်းညွန့်၊ ဒါန်းညွန့်များထိုးကာ အပ်ချုပ်စက်
ခုံပေါ်မှာပဲ တင်လှူလိုက်ပါတယ်။ ဒီစက်ချုပ်ခုံပေါ်မှာ
ပန်းတင်လှူတာကိုမြင်သွားတဲ့ ယောက်မဖြစ်သူ နိုရဘီက
စုစုလတ်ဘုရားမှာပန်းတင်လှူကြောင်း အကိုဖြစ်သူရာဇင်နှင့် သူ့အိမ်သားတွေကို
တိုင်ကြားပါတယ်။ ရာဇင်နဲ့ယောက္ခမဖြစ်သူများဟာ
စုစုလတ်သူတို့အိမ်မှာပန်းတင်လှူကြောင်းလည်း သိရော ယမ်းပုံမီးကျ
ဒေါသပေါက်ကွဲကာ မစုစုလတ်ကိုခေါ်ပြီး ပါးတွေနားတွေရိုက်ပစ်လိုက်ကြပါတယ်။
ပြီးတော့ ရာဇင်က "နင့်ဘုရားရှိခိုးမယ့်အစား င့ါဟာကြီးရှိခိုး” ဆိုပြီး
ပုဆိုးလှန်ပြကာ ရှိခိုးခိုင်းပါတယ်။ မစုစုလတ်ကိုရိုက်နှက်တဲ့နေရာမှာ
ရာဇင်တင်မကပဲ ရာဇင့်အမေနင့် မောင်နှမလေးယောက်တို့က
ဝိုင်းပြီးရိုက်နှက်ကြပါတယ်။ လူလေးယောက်က၀ိုင်းပြီးရိုက်နှက်ကြတဲ့အတွက်
မစုစုလတ်ခမျာ အလွန် နာကျင်လွန်းလှတာမို့ အော်ဟစ်ငိုကြွေးပြီး
ပတ်ဝန်းကျင်ကိုအကူအညီလှမ်းတောင်းမိပါတယ်။ မစုစု လတ်က ပတ်ဝန်းကျင်ကို
အော်ဟစ်အကူအညီတောင်းရမလားဆိုပြီး ရာဇင်တို့မိသားစုရဲ့ ဒေါသဟာ
အထွက်အထိပ်သို့ရောက်ရှိသွားပါတယ်။ အဲဒါကြောင့်
အိမ်ရှိတံခါးအားလုံးကိုပိတ်ပြီး စုစုလတ်ပါးစပ်ထဲ သို့
အ၀တ်စုတ်များကိုထည့်ကာ မသေမချင်း သတ်ဖြတ်ပစ်လိုက်ကြပါတယ်။
မစုစုလတ်ခမျာမှာလည်း မိန်ကလေးဖြစ်နေတာကတစ်ကြောင်း လေးယောက်အားကို
မယှဉ်နိုင်တာက တစ်ကြောင်းဆိုတော့ သရဲသဘက်စီးနေတဲ့ သူတို့စက်ကွင်းထဲက
ဘယ်လိုမှရုန်းမထွက်နိုင်ဘဲ အိမ်ထဲမှာ တင်ပဲ ပွဲချင်းပြီးသေဆုံးသွားပါတယ်။
ရာဇင်တို့မိသားစုဟာ အလွန်လည်ကြပါတယ်၊ ယုတ်မာတဲ့နေရာ မှာလည်း
နှစ်ယောက်မရှိဘူးလို့တောင် ပြောလို့ရပါတယ်။ စုစုလတ်အလောင်းကို
မတော်တဆသေဆုံးမှု သေခင်းပုံစံမျိုးနဲ့ သဲလွန်စဖျောက်ဖို့ ကြိုးစားကြပါတယ်။
တစ်မြို့လုံးမှာရှိတဲ့ သူတို့အမျိုးတူ၊ ဘာသာတူ တွေအားလုံးကလည်း
ငွေအားလူအားနဲ့ ၀ိုင်းဝန်းပြီး လက်စလက်နဖျောက်ပေးကြပါတယ်။
စုစုလတ်အလောင်းကို မြေမမြုတ်ပဲမီးသဂြိုဟ်ဖို့ စီမံကြပါတယ်။
မိခင်ဖြစ်သူဒေါ်စန်းရီမှာ သူသမီးဟာ သွေးရိုးသားရိုးနဲ့
သေတာမဟုတ်မှန်းတော့သိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ အမှုဖွင့်အရေးယူမယ်
ဆိုရင်လည်း လူမျိုးခြား၊ ဘာသာခြားတွေက ငွေအားလူအားနဲ့ ဖုံးဖိထားတဲ့အတွက်
အမှုမှန်ပေါ်ပေါက် ဖို့မလွယ်ဘူးဆိုတာ ကြိုသိထားပါတယ်။ ဒါကြောင့်မို့
ဒေါ်စန်းရီက သမီးဖြစ်သူရဲ့အလောင်းကို မြေမြုတ် ခြင်း၊
မီးသဂြိုဟ်ခြင်းမပြုပဲ ပုံမပျက်အုတ်ဂူသွင်းပေးဖို့ တောင်းဆိုပါတယ်။
နောက်ဆုံးတော့ ဒေါ်စန်းရီရဲ့ ဆန္ဒအတိုင်း အုတ်ဂူသွင်းပြီးသင်္ဂြိုဟ်လိုက်ပါတယ်။
ဒီအကြောင်းတွေကို တစ်ဆင့်စကား တစ်ဆင့်နားဖြင့် "မျိုးချစ်စိတ်ဓာတ်ရှိကြတဲ့
သံဃာတော်များနားထဲ သို့ရောက်ရှိသွားခဲ့ကြပါတယ်" သံဃာတော်များကလည်း
ညတွင်းချင်းစုရုံးပြီး စုစုလတ်ရဲ့အုပ်ဂူကို ဖောက်ထွင်းပြီး
စစ်ဆေးကြည့်ကြပါတယ်။ ရာဇ၀တ်ဘေးပြေးမလွတ်ဆိုတဲ့စကားအတိုင်း
ရက်ရက်စက်စက်လူမဆန်စွာ သတ်ဖြတ်ထားတဲ့ အလောင်းရဲ့အမှုမှန်ကား
ယခုအခါဘွားခနဲပေါ်လာပါတော့တယ်။ ဒီသတင်းစကားဟာ တစ်ခဏအတွင်းမှာပဲ
တစ်မြို့လုံးပြန့်နှံ့သွားပြီး တုန်လှုပ်ခြောက်ခြားသွားခဲ့ကြပါ တယ်။
မြို့နေလူထုတွေအားလုံးဟာ မခံမရပ်နိုင်ဖြစ်ကာ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲ
မျိုးချစ်စိတ်ဓာတ် ပြသဖို့ လမ်းမပေါ်ဆီသို့ အသီးသီးထွက်လာခဲ့ကြပါတယ်။
ဒီအချိန်မှာ အမှိုက်ကစ ပြသာဒ်မီးလောင် မဖြစ်ရအောင်
အမြော်အမြင်ရှိတဲ့အာဏာပိုင်အဖွဲ့အစည်းများမှ အကြီးအကဲပုဂ္ဂိုလ်
များရောက်ရှိလာကြ ပြီး တရားခံများကို ဥပဒေအရထိရောက်စွာ
အရေးယူပေးမည်ဖြစ်ကြောင်း ပြောကြားတော့မှ ပြဿနာ ငြိမ်းအေးသွားပါတော့တယ်။
အာဏာပိုင်အဖွဲ့အစည်းမှ အကြီးအကဲပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ကတိ စကားအတိုင်း
တရားခံရာဇင်နှင့်တကွ အပေါင်းအပါလေးဦးတို့ကို ညတွင်းချင်းဖမ်းဆီးပြီး
အားနွဲ့တဲ့ မိန်းခလေးကို လေးယောက်ဝိုင်းပြီး မတရားညှင်းဆဲသတ်ဖြတ်မှုနဲ့
အသီးသီး ထောင်ဒဏ်တစ်သက် တစ်ကျွန်းစီ ချမှတ်လိုက်ပါတယ်။ တစ်ချိန်က
သာယာလှပတဲ့အလုံမြို့လေးဟာ ယခုတော့သွေးစွန်းပြီးအကျည်းတန်လေခဲ့ပြီ။
ကြည်လင်အေးမြတဲ့ချင်းတွင်းရေဟာလည်း သွေးနှောပြီးတော့
နောက်ကျိခဲ့လေပြီတကား….။ မြန်မာသူငယ်ချင်းများအဖွဲ
့ဆိုဒ်မှကူးယူဖော်ပြပါသည်..
Subscribe to:
Posts (Atom)